International News

ရွှေ၊ ကျောက်မီးသွေးနှင့် သတ္တုရိုင်းများအတွက် ပို့ကုန်အခွန်တွက်ချက်မှုကို အတည်ပြုလိုက်သည့် အင်ဒိုနီးရှား

Last Updated:

   အင်ဒိုနီးရှား၊ စွမ်းအင်နှင့်သတ္တုတွင်းထွက်ရင်းမြစ်ဝန်ကြီးဌာနသည် ရွှေအပါအဝင် ကျောက်မီးသွေးနှင့် အခြားသတ္တုတွင်းထွက်ပစ္စည်းများအတွက် ပို့ကုန်အခွန်တွက်ချက်မှုကို ကမ္ဘာ့ရွှေဈေးနှုန်းနှင့်အညီ သတ်မှတ်သွားမည်ဖြစ်ကြောင်း၊ ရောင်းဈေးများနေပါက ပို့ကုန်အခွန်ကောက်ခံသွားမည်ဖြစ်ပြီး ရောင်းဈေးနည်းပါက ကောက်ခံမည်မဟုတ်ကြောင်း၊ သို့သော် ရောင်းဈေးများနေသော ရွှေကိုမူ ပို့ကုန်ခွန် ကောက်ခံမည်ဖြစ်ကြောင်း ဝန်ကြီး BahlilLahadalia ပြောကြားခဲ့   သည်။
    ဘဏ္ဍာရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့အစည်းများသည် နိုင်ငံတော်ဝင်ငွေ တိုးတက်စေရန်နှင့် သတ္တုလုပ်ငန်းကဏ္ဍတွင် နောက်ဆုံးအဆင့် ကုန်ထုတ်လုပ်မှုများကို အားပေးရန် ရည်ရွယ်၍ ရွှေပို့ကုန်ခွန်အား ၇.၅ % မှ ၁၅ % အထိ ကောက်ခံတော့မည်ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်၊ နိုင်ငံတော်ဘဏ္ဍာငွေဥပဒေအရ ရွှေတင်ပို့ခွင်ဆိုင်ရာ ပြဋ္ဌာန်းချက်တစ်ခုကို ဘဏ္ဍာရေးဝန်ကြီးဌာနက မကြာမီထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုသည် နိုင်ငံပိုင် Pegadaian နှင့် Bank Syariah Indonesia (BSI) မှတစ်ဆင့် ရွှေဝယ်လိုအား မြင့်မားနေကြောင်း၊ ရွှေတင်ပို့ခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်သည် ရွှေဒင်္ဂါး၊ ရွှေမှုန်၊ ရွှေချောင်းနှင့် သန့်စင်ပြီးရွှေချောင်းများ ပါဝင်ကြောင်း ပြောကြားခဲ့သည်။
   ဘဏ္ဍာရေးဝန်ကြီး Purbaya Yudhi Sadewa က ရွှေပို့ကုန်ခွန် စည်းကြပ်ပါက အစိုးရအနေဖြင့် ဘဏ္ဍာငွေအပိုအဖြစ် ရူပီး ၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၆၀ သန်းခန့်) အထိ ရရှိမည်ဟု ပြောကြားခဲ့သည်။
ရင်းမြစ်။   https://en.antaranews.com/
Source: https://commerce.gov.mm

Category: International News